မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၂၃-၆-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၁၀၀၀၀/-) နှမ်းဂွနက်/ရိုးရိုး (၅၀၀၀/-) ၊ နှမ်းဖြူ မကွေး (၁၄၀၀၀/-)(၁၅၀၀၀/-) ၊ နှမ်းဖြူရေသွင်း (၈၀၀၀/-) (၅၀၀၀/-)၊နှမ်းနီ(၆၀၀၀/-)၊ နှမ်းညိုကြား (၈၀၀၀/-)ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၃၅၀ မှ ၅၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၃-၆-၂၀၂၀) ရက် နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲသေး (၅၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၁၁၀၀/-)၊ ကျပ်စျေးတက်ပြီး ပဲတီစိမ်း (၁၅၀၀/-)၊ ကုလားပဲ(929) (၃၀၀/-)၊ ကုလားပဲ(HL) (၅၀၀/-)၊ ပဲထောပတ် (၁၀၀၀/-) မတ်ပဲ (၃၀၀/) စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၂၃-၆-၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲ လုံးဆံနီ (လိုင်း)(၅၀/-) ၊မြေပဲလုံးဆံဖြူ(လိုင်း)(၅၀/-)စျေးတက်ကာ ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၂၃.၆.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀/-)စျေးတက်ပြီး နှမ်းဆီ(၂၀၀/-)စျေးကျကာ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။
ဆန်
ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၃.၆.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း) (၃၀၀၀/-)၊ ပေါ်ဆန်းမွေး(ဖျာပုံ)(၁၀၀၀/-)ကျပ် စျေးကျကာ ကျန်ဆန်စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။